Brain Articles

Super Brain စာမြည်း

( About Author ကို နောက်ဆုံးနား မှာ ဖတ်နိုင်ပါတယ်။)

Chapter 1: True Stories

ငယ်စဉ်က ဉာဏ်ရည်ချို့တဲ့ခဲ့ပေမယ့် လေ့ကျင့်ပျိုးထောင်ပြီး ဉာဏ်ရည်ထက်မြက်လာသူများ

ခန္ဓာကိုယ်ဖွံ့ဖြိုးအောင် လေ့ကျင့်လို့ရသလို ဦးနှောက်ဖွံ့ဖြိုးအောင် လေ့ကျင့် ပျိုးထောင်ယူလို့ရပါတယ်။ ကိုယ်ကာယ လေ့ကျင့်ခန်းတွေမှာတောင် ပြင်းပြတဲ့ စိတ်ခွန်အား Motivation မရှိရင် တစ်ပတ်လောက် နဲ့ လက်လျှော့သွား ကြတာများပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုနည်းလမ်းတွေမှာလည်း ပြင်းပြတဲ့ စိတ်ဓါတ်ခွန်အား လိုပါတယ်။ ဉာဏ်ကောင်းအောင် လုပ်လို့ရတယ်ဆိုတာ သိပ်ပြီး ယုံကြည်မှုမရှိရင် ၊ ပြင်းပြတဲ့စိတ်ခွန်အား Motivation မရှိရင် အကျိုး သက်ရောက်မှု သိပ်ရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ငယ်စဉ်က ညံ့ခဲ့ပေမယ့် လေ့ကျင့်ပျိုးထောင်ပြီး ဉာဏ်ရည်ထက်မြက်လာတဲ့ ဖြစ်ရပ်မှန် ဇတ်လမ်းတွေကို အရင်ဖော်ပြလိုက်ပါတယ်။

ဂျင်ကွစ်ခ် ( Broken Brain to Genius )

“စာညံ့တဲ့ လူငယ်လေးဘဝ မှ ဉာဏ်ကြီးရှင်ဘဝသို့” ဖြစ်ရပ်မှန် True Story

အတန်းထဲမှ စာအညံ့ဆုံး လူငယ်လေးတစ်ယောက်။ သူငယ်ချင်းတွေကြားထဲမှာ လူတောမတိုးရဲတဲ့ လူငယ်လေးတစ်ယောက်။ သူ့နာမည်က ဂျင်ကွစ်ခ်တဲ့။

သူငယ်စဉ်က အတန်းထဲက စာအညံ့ဆုံး ကျောင်းသားတွေထဲမှာ သူကထိပ်ဆုံးကပါပဲ။ စာညံ့ပါတယ်ဆိုမှ တစ်နေ့မှာ ပိုဆိုးစေတဲ့ အဖြစ်အပျက် ဖြစ်ခဲ့တယ်။ ကျောင်းမှာ သူကြည့်ချင်တဲ့ အရာတစ်ခုကို ပြတင်းပေါက်ကနေကြည့်ချင်လို့ သူ့အရပ်နဲ့မမှီတော့ ခုံ ခုပြီးကြည့်ခဲ့တယ်။ အဲဒါကိုသူငယ်ချင်းတစ်ယောက်က စနောက်ပြီးသူ့ခုံ ကို ဆွဲလိုက်လာ ၊ ခုန်ပေါ်က ပြုတ်ကျပြီး ခေါင်းကို ခပ်ပြင်းပြင်းထိသွားလို့ ဆေးရုံတင်လိုက်ရတယ်။ ဆရာဝန်က သူ့အမေကို မှတ်ချက်ပြောလိုက်တာကတော့ “ခေါင်းကိုထိသွားတယ်။ လေ့လာသင်ယူဖို့ ပိုပြီးခဲရင်းသွားလိမ့်မယ်” တဲ့။  လေ့လာသင်ယူဖို့ ကြိုးစားကြည့်ပေမယ့်လဲ ကောင်းကောင်းအာရုံစိုက်လို့မရတော့ဘူး။ မှတ်ဉာဏ်တွေလဲ အရင်ကထက် ပိုဆိုးလာတယ်။

ပိုပြီးစိတ်ဓါတ်တွေကျလာတယ်။ ကျောင်းစာတွေကို လေ့လာချင်စိတ် မရှိတော့ဘူး။ ဒါနဲ့ဘဲ အဲဒီစိတ်ညစ်စရာ ကျောင်းစာကိစ္စတွေကို မေ့ပြစ်ချင်လို့ အရင်ကတည်းက သူစိတ်ဝင်စားတဲ့ Super Hero (သူရဲကောင်း) တွေ ရဲ့ ရုပ်ပြစာအုပ် တွေ နဲ့ပဲ အချိန်ကုန်နေလိုက်တော့တယ်။ သူစိတ်အဝင်စားဆုံး Super Hero ရုပ်ပြစာအုပ်တွေကတော့ X-Men တို့ ၊ Super Man တို့လို သူရဲကောင်းစာအုပ်တွေပေါ့။ အဲလို Super Hero ရုပ်ပြစာအုပ်တွေ ဖတ်ပါများလာတော့ ၊ စာအုပ်ထဲက သူရဲကောင်းတွေကို အားကျလာတယ်။ အဲဒီသူရဲကောင်းတွေ ကို အားကျတဲ့အကြောင်းရင်းက စွမ်းအားတွေ ရှိနေလို့ဆိုတာထက် Super Hero တွေက ပတ်ဝန်းကျင် နဲ့ သဟဇာတ မဖြစ်လို့ဘဲ။ ဘာပဲဖြစ်ဖြစ် Super Hero တွေ ကို အားကျပြီး မိဘ က ဂုဏ်ယူရတဲ့ သားတစ်ယောက် ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့ ကူညီကယ်တင်နိုင်တဲ့ လူစွမ်းကောင်းတစ်ယောက် ဖြစ်ချင်ခဲ့တယ်။

သူကျောင်းပြန်တက်ဖြစ်တယ်။ အရင်ကတည်းက သူ့ဆိုရင် စာညံ့တဲ့ ကလေးတစ်ယောက် အနေ နဲ့ မြင်ထားတာ အခုတော့ ပိုဆိုးပြီပေါ့။ တစ်ရက်ဆိုရင် မှတ်မှတ်ရရပဲ အတန်းထဲမှာ စာမရလို့ ဆရာမ က လက်ညှိုးထိုးပြီး “That’s the boy with broken brain” (ဦးနှောက်ထိထားတဲ့ကောင်လေး) ဆိုပြီး ပြောတာကို ခံခဲ့ရဘူးတယ်။

ဆရာ၊ဆရာမတွေ လူကြီးတွေက အမှုမဲ့အမှတ်မဲ့ ပြောလိုက်တာ ဆိုပေမယ့် နုနယ်တဲ့ ကလေးတစ်ယောက် အတွက်တော့ ကြီးမားတဲ့ ရိုက်ခတ်မှုပါပဲ။ ကလေးတွေကို အဲလို Label တတ်လိုက်တာဟာ နောင်ပြန်ပြင်လို့ အတော်ခဲယဉ်းတဲ့ ကန့်သတ်ချက် (limitation) တွေ ၊ စိတ်ဒဏ်ရာတွေ ဖြစ်စေပါတယ်။

သင်ခန်းစာတွေ လေ့လာဖို့ခဲယဉ်းတိုင်း ၊ သင်ငယ်ချင်းတွေ ပေါင်းသင်းဆက်ဆံမှု အဆင်မပြေတိုင်း ဒီလိုတွေ ဖြစ်တဲ့ အကြောင်းရင်းက “My Brain was broken” ဆိုပြီး သူ့ကိုယ်သူပြန်ပြောမိနေတယ်။  “ငါက တခြား သူတွေလို ပုံမှန် မဟုတ်တော့ဘူး” “ငါ ဘယ်လောက်ပဲကြိုးစားကြိုးစား သူတို့လိုဖြစ်မှာမဟုတ်တော့ဘူး” စတဲ့စတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ဆက်တိုက်ဖြစ်လာပါတယ်။

တကယ်တော့ ခုံပေါ်က ပြုတ်ကျလိုက်လို့ ခေါင်းထိခိုက်သွားတာထက် အခုလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားတာက ပိုဆိုးပါတယ်။

စာမေပွဲအောင်ဖို့တောင် အခြေအနေသိပ်မမြင်တော့ ဆရာမက မိဘတွေကို ခေါ်တွေ့ပါတယ်။ ဒီအချိန်အထိတော့ အတန်းထဲမှာ အခြေအနေမကောင်းဘူး ဒါပေမယ့် အထူးအခွင့်အရေးပေးတဲ့အနေနဲ့ Project (စီမံကိန်း) တစ်ခုပေးလိုက်မယ်။ အဲ Project ကို ကောင်းကောင်းလုပ်နိုင်ရင်တော့ အောင်နိုင်ချေရှိတယ်ဆိုပြီး အခွင့်အရေး ပေးလိုက်ပါတယ်။

Genius နှစ်ဦး

အဲ Project က သမိုင်းတစ်လျှောက်မှာ အထင်ကရ ပုဂ္ဂိုလ်  Genius  နှစ်ဦးဖြစ်တဲ့ “လီယိုနာဒို ဒါဗင်စီ” နဲ့ “အဲလ်ဘတ်အိုင်စတိုင်း” အကြောင်းတွေကို လေ့လာ နှိုင်းယှဉ်ပြီး Report ရေးရမှာပါ။

 စာမေးပွဲအောင်ဖို့ သူ့အတွက် အခွင့်အရေး ဖြစ်တာကြောင့် သူအစွမ်းကုန်ကြိုးစားပါတယ်။

(မှတ်ချက် ။  ။ ဒီလောက်အရေးကြီးတဲ့ Project ကို သူ့မိဘတွေ ကူလုပ်မပေးပါဘူး။ ကိုယ်တိုင်လုပ်ခိုင်းပါတယ်။)

စာကြည့်တိုင်မှာ နာရီပေါင်းများစွာ အချိန်ယူပြီး  Genius နှစ်ဦးအကြောင်းတွေကို လေ့လာ သုံးသပ်ပါတယ်။ အဲဒီမှာ ထူးခြားတဲ့အချက်က အဲဒီ Genius နှစ်ဦးလုံးက လည်း ငယ်စဉ်က လေ့လာသင်ယူဖို့ ခဲယဉ်း ခဲ့တယ်ဆိုတာကို သူသုံးသပ်မိပါတယ်။

တကယ့် Genius နှစ်ယောက်လည်း ငယ်စဉ်က သူ့လိုဘဲ သင်ယူဖို့ခက်ခဲခဲ့တယ်ဆိုတာသိသွားတော့ ပိုအားတက်သွား ၊ ပိုစိတ်ဝင်စားသွားပြီး Report ကို အကောင်းဆုံး ပြင်ဆင်ပါတယ်။ သူ့ Report အပေါ်မှာ ယုံကြည်ချက်တွေ ပိုရှိသွားပြီး သူ့ရဲ့လုပ်နိုင်စွမ်းကို ဆရာမ ကို ချပြချင်နေပါပြီ။

Project အပ်တဲ့နေ့

Project အပ်ရမယ့် နောက်ဆုံးနေ့ရောက်တော့ သူ့ Report လေးကို ပိုက်ပြီး ကျောင်းကို ရင်ခုန်စွာ နဲ့သွားပါတယ်။ ဆရာမ သင်နေတဲ့ စာသင်ခန်းထဲ ဝင်ထိုင်လိုက်ပြီး ၊ ဆရာမ စာသင်ပြီးတာ နဲ့ သူ့ Report ကို အပ်မယ်ဆိုပြီး စိတ်ကူးတွေ ယဉ်နေပါတယ်။ ဒါပေမယ့် ထင်မှတ်မထားဘဲ ဆရာမက စာသင် နေတာကိုရပ်ပြီး ၊ ရုတ်တရက်ဆိုသလို သူ့ Report အကြောင်းကို အတန်းရှေ့မှာ ကိုယ်တိုင် တင်ပြ ( Present )မှာ ဖြစ်တဲ့ အကြောင်း ပြောလိုက် ပါတယ်။

သူဘယ်လောက်ပဲ အကောင်းဆုံး ပြင်ဆင်ထားတယ်ဆိုပေမယ့် အဲဒီအတန်းထဲက သူငယ်ချင်းတွေက သူ့ကို အတန်းထဲမှာ စာအညံ့ဆုံး ကျောင်းသားတစ်ယောက်လို့ မြင်နေကြတာ ၊ သူ့ကို Broken Brain ဦးနှောက်ချို့တဲ့နေတဲ့ကောင်လေးဆိုပြီး သတ်မှတ်ထားကြတာ။ ဒီလို ပရိတ်သတ်ရှေ့မှာ ဘယ်လိုအင်အားနဲ့ present လုပ်ရမှာလဲ။

ဒါပေမယ့် သူအတတ်နိုင်ဆုံး အားတင်းပြီးအတန်းရှေ့ကို လျှောက်ဖို့ကြိုးစားတယ်။ ခြေလှမ်းတွေလဲ တွန်းဆုတ်နေသလို ၊ နှလုံးခုန်သံတွေလဲ တဒုန်းဒုန်း နဲ့ ခုန် နေပါတယ်။ နောက်ဆုံးသူ အသက်တောင် ကောင်းကောင်း မရှုနိုင်တော့ဘဲ ဘယ်လိုမှာ အားမတင်းနိုင်တော့တဲ့အဆုံး

“I’m sorry, I didn’t do it”  “တောင်းပန်ပါတယ်။ ကျွန်တော် Report မလုပ်ရသေးပါ” လို့ပြောပြီး လက်လျှော့ အရှုံးပေးလိုက်ပါတော့တယ်။

အသည်းတွေကြွေမတတ် ဝမ်းနည်းကြေကွဲခဲ့ရတယ်။ အတန်းပြီးတော့သူ့ Report ကို အမှိုက်ပုံးထဲ ထည့်ပစ်လိုက်တော့တယ်။

အတိုချုပ်ပြောရရင်တော့ ပြသနာမျိုးစုံနဲ့ အထက်တန်းပြီးခဲ့တယ်။ ကောလိပ်တက်တော့ ပတ်ဝန်းကျင်အသစ်မှာ အစ ကတည်းက အညံ့ဆုံးကျောင်းသားလို့ သတ်မှတ်မခံရအောင်  အစွမ်းကုန်ကြိုးစားတယ်။ ဘယ်လိုဘဲ ကြိုးစားကြိုးစား အခြေအနေက ကောင်းမလာတော့ အချိန်တွေ ငွေ‌တွေ ဖြုန်းမနေတော့ဘဲနဲ့  နောက်ဆုံး ကျောင်းထွက်ဖို့  စဉ်းစားထားတဲ့အကြောင်း သူငယ်ချင်းကို ပြောဖြစ်တယ်။

တခါမှ မကြုံဖူးတဲ့မေးခွန်း

သူငယ်ချင်းက ဆုံးဖြတ်ချက်မချခင် သူ့အိမ်ကိုလိုက်လယ်ပြီး သူ့မိဘတွေ နဲ့ လိုက်တွေ့ကြည့်ဖို့ အကြံပေးတယ်။ သူ့သူငယ်ချင်းအိမ်ရောက်ပြီး သူငယ်ချင်း အဖေ နဲ့တွေ့တော့ ကျောင်းသင်ခန်းစာတွေ အခြေအနေ ကောင်းလားလို့ မေးတယ်။ ဒါက သူအကြောက်ဆုံးမေးခွန်းမို့ ၊ ကြားတာနဲ့ မျက်ရည်တွေ ကျလာတယ်။ ဒါနဲ့ သူ့ရဲ့ “Broken Brain” Story ဖြစ်အကြောင်းကုန်စင် ပြောပြဖြစ်တယ်။

သူ့အဖေက အသေအချာနားထောင်ပြီးတော့  မျက်လုံး ကို တည့်တည့် ကြည့်ပြီးမေးတယ်။

“Jim, why are you in school?” “ဂျင် ၊  ဘာကြောင့်ကျောင်းတက်တာလဲ?”

“What do you want to be?” “မင်း ဘာဖြစ်ချင်တာလဲ?”

“What do you want to do?” “မင်း ဘာလုပ်ချင်တာလဲ?”

“What do you want to have?”  “မင်း  ဘာတွေ ရှိချင်တာလဲ?”

“What do you want to share?”  “မင်း ဘာတွေ မျှဝေချင်တာလဲ?”

အဲဒီမေးခွန်းတွေ အားလုံးအတွက် သူ့မှာ အဖြေမရှိပါ။ ဘယ်သူမှ သူ့ကို တစ်ခါမှ မမေးဖူး ခဲ့သလို ၊ တစ်ခါမှလဲ မကြားဖူးခဲ့ပါ။

(အခု စာဖတ်သူရော အဲလို မေးခွန်းတွေ အတွက် အဖြေရှိပြီလား?)

ဒါပေမယ့် ဖြေရတော့မယ်ဆိုတော့ ဖြေဖို့ကြိုးစားနေစဉ်မှာဘဲ သူ့သူငယ်ချင်း အဖေက စာရွက် တစ်ရွက်ထုတ်ပေးလိုက်ပြီး စာရွက်ပေါ်မှာ လွတ်လွတ်လပ်လပ် ရေးစေတယ်။

သူလည်း မိနစ်အတော်ကြာ ရေးနေမိလိုက်တယ်။ ပြီးတော့ ခေါက်လိုက်ပြီး အိပ်ကပ်ထဲမှာ ထည့်ထားလိုက်တယ်။ မထင်မှတ်ဘဲ သူ့သူငယ်ချင်းအဖေက အဲစာရွက်ကို လှမ်းယူလိုက်ပြီး ဖတ်လိုက်တော့ ရှက်လွန်းလို့ မျက်နှာဘယ်သွားထားရမှန်းတောင်မသိဘူး။

သူငယ်ချင်းအဖေဟာ သူ့ ဘယ်ဘက်လက်ညှိုး နဲ့ ညာဘက်လက်ညှိုးကို “၁ ပေ” အကွာလောက်ခွာထားလိုက်ပြီး

‘”You’are this close, to getting every single thing on that list.”

“မင်းရေးထားတဲ့အရာတစ်ခုခြင်းစီရဖို့ ဒီလောက် နီးနေပြီ” ဆိုပြီး လက်ဟန် ခြေဟန် နဲ့ ပြောတယ်။

“ရေးဆိုလို့သာ ချရေးထားတာ တကယ့်လက်တွေမှာ ၁၀ ဘဝလောက် ကြိုးစားရင်တောင် မဖြစ်နိုင်ပါဘူး” လို့ ဂျင်က ပြန်ပြေတယ်။ သူငယ်ချင်းအဖေက စောစောက ၁ ပေ အကွာလောက် ခွာထားတဲ့ လက်ညှိုး နှစ်ချောင်း နဲ့ ဂျင် ရဲ့ နားထင် နှစ်ဖက်နားကို ကပ်လိုက်ပြီး

“That’s the Key” ဒါဟာ သော့ချက် ပဲ လို့ ပြောပြောဆိုဆို နဲ့  သူ့နောက် လိုက်ခဲ့ဖို့ပြောပြီး သူတို့အိမ်ရဲ့ စာကြည့်တိုက်ထဲ ခေါ်သွားတယ်။ စာအုပ်စင်ပေါ်က စာအုပ်တွေ တစ်ခုပြီးတစ်ခု ဆွဲထုတ်လိုက်ပြီး သူ့ဆီကိုယူလာတယ်။ ကြည့်လိုက်တော့ သမိုင်းတစ်လျှောက်မှာ အောင်မြင်ခဲ့တဲ့ Genius တွေ ရဲ့ အထုပ္ပတ္တိစာအုပ်တွေ ၊  “The Magic of Thinking Big” “The Power of Positive Thinking” “Think and Grow Rich”စတဲ့ စာအုပ်တွေ ကို တွေ့လိုက်ရတယ်။

စာတွေဖတ်ရတာ ခက်ခဲတဲ့အကြောင်း ၊ ကျောင်းစာတစ်ဖက် နဲ့ မို့ မဖတ်နိုင် သေးတဲ့အကြောင်း အကြောင်းပြပြီး ငြင်းလိုက်တယ်။

အဲဒီမှာ သူငယ်ချင်းအဖေပြန်ပြောလိုက်တဲ့ စကားလုံးက

“Don’t let school interfere with your education.”

“ကျောင်းစာက မိမိပညာရေး ကိုမနှောက်ယှက်မိစေနဲ့”တဲ့

(မှတ်ချက် ။   ဘွဲရ တာ နဲ့ ပညာတတ်တာ နဲ့ မတူပါ။ ဘွဲ့ရပညာတတ်တွေ ရှိသလို ၊ ဘွဲ့ရပညာမတတ်တွေ အများကြီးပါ)

ဂတိတော့ မပေးနိုင်ဘူး ၊ ဒါပေမယ့် ကြိုးစားပြီး ဖတ်ကြည့်မယ်လို့ပြောပြီး ပြန်လာခဲ့တယ်.

စာအုပ်တွေဖတ်ပြီ

အိမ်ပြန်ရောက်တော့ တစ်ခါ မှ မကြားဖူးတဲ့ မေးခွန်းတွေ အတွက် ၊ သူရေးခဲ့တဲ့ သူဖြစ်ချင်တာတွေကို ပြန်ပြီး အတွေးနယ်ချဲ့နေမိတယ်။ သူဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ခွန်အားတွေ နဲ့ သူ့ ငယ်ချင်းအဖေ ပေးလိုက်တဲ့ စာအုပ်တွေကို အိပ်ချိန် ၊ စားချိန်တောင်မထားတော့ဘဲ မနားမနေ ဖတ်ပါတော့တယ်။

ကြာလာတော့ ဒဏ်မခံနိုင်တော့ဘဲ သတိလစ် ပြီး ဆေးရုံရောက်ပြန်ပါတယ်။ သတိပြန်ရလာတော့ သူ့ဘေးမှာ သူနာပြုတစ်ယောက် ထိုင်စောင့်ပြီး မတ်ခွက်တစ်ခွက် ကိုင်ထားတာကို တွေ့လိုက်တယ်။

အဲဒီခွက်မှာ အိုင်စတိုင်း ရဲ့ ပုံကို  သတိထားမိလိုက်တယ်။

ဘေးမှာရေးထားတဲ့စာက

No problem can be solved from the same level of consciousness that created it.

“ပြဿနာကို ဖန်တီးခဲ့တဲ့ အခြေအနေကနေ ဘယ်ပြဿနာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” တဲ့ အနီးစပ်ဆုံး မြင်အောင် ဉပမာပေးရရင်တော့ “၄ တန်း ကျောင်းသားတစ်ယောက် ဖန်တီးခဲ့တဲ့ ပြဿနာကို ၄ တန်း ကျောင်းသားအတွေးအခေါ်လောက်နဲ့ မဖြေရှင်းနိုင်ဘူး”

သူ့ဘဝ ပြဿနာတွေကို ပြန်ပြီး သုံးသပ်ဆင်ခြင်မိတယ်။ သူ့မှာဖြစ်နေတဲ့ “သင်ယူမှုခက်ခဲတဲ့ ပြဿနာ” Learning Problem ကို ဖြေရှင်းဖို့ အဲဒီအချိန်မှာ သိသလောက် စဉ်းစားဆင်ခြင် နိုင်တဲ့ဉာဏ်လေး နဲ့ပဲ အဖြေရှာနေတာ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်တွေ့မှာလဲဆိုတာကို သုံးသပ်မိလာတယ်။

အဲတော့နောက်ထပ်အခြေအနေတစ်ခုကိုရောက်ဖို့ “Better method to learn” ပိုကောင်းတဲ့သင်ယူမှုနည်းလမ်း ၊ ဉာဏ်ရည်ထက်မြက်စေတဲ့ နည်းလမ်းတွေကို ရှာမှ ရတော့မယ်ဆိုတာရိပ်မိလာတယ်။

Upgrade Himself သူ့ကိုယ်သူ အဆင့်မြှင့်တင်ခြင်း

ဆေးရုံကဆင်းလာတော့ ကျောင်းသင်ခန်းစာတွေ ခဏဘေးချိတ်ပြီး ၊ Learning Theory လေ့လာသင် ယူမှုနည်းလမ်းတွေ ၊ ဉာဏ်ရည်ထက်မြက်စေနည်းတွေ ၊ သင်ကြားမှု စိတ်ပညာတွေ ၊ Speed Reading အမြန်စာအုပ်ဖတ်နည်း တွေ ၊ ရှေးခေတ် လူသားတွေ ရဲ့  မှတ်ဉာဏ်မှာ မှတ်သားတဲ့ နည်းလမ်းတွေ ၊ Neuroscience တွေ ၊ ဦးနှောက်အလုပ်လုပ်ပုံတွေ စတဲ့စတဲ့  စာအုပ်ပေါင်းများစွာကို လေ့လာပါတယ်။

သူ့ကိုယ်သူနောက်ထပ် အခြေအနေအထိရောက်အောင် မြှင့်တင်နိုင်ပြီးမှ သူ့ဦးနှောက်ပြဿနာတွေ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ စတင်ရှာဖွေတွေ့ရှိလာတယ်။ လ နဲ့ နှစ် နဲ့ချီပြီးလေ့ကျင့်လိုက်တဲ့အခါ သူ့ရဲ့သင်ယူနိုင်မှုအခြေအနေတွေ, စာဖတ်နိုင်စွမ်းတွေ ၊ အာရုံစူးစိုက်နိုင်စွမ်းတွေ သိသိသာသာ တိုးတက် လာတယ်။

သူ့ရဲ့ဘဝ အတွေ့အကြုံတွေကို အခြေခံပြီး လူငယ်တွေကို အမြန်ဆုံး လေ့လာသင်ယူ နိုင်စွမ်းတွေ ၊ Speed Reading အမြန်စာဖတ်နိုင်စွမ်းတွေ ၊ ဉာဏ်ရည် ထက်မြက်စေနည်းတွေကို ပြန်ပို့ချတဲ့ သင်တန်းတွေ ဟောပြောပွဲတွေဟာ များစွာအောင်မြင်ခဲ့တယ်။

သူဟာ ငယ်စဉ်က အတန်းထဲမှာ Broken Brain နဲ့ကောင် ဆိုပြီး လှောင်ပြောင်ရယ်မော ခံခဲ့ရပေမယ့် အခုဆိုရင် Google လို နည်းပညာကုမ္ပဏီပေါင်းများစွာ နဲ့ ကမ္ဘာအရပ်ရပ်က ကျောင်းတွေကနေ ဉာဏ်ရည်ထက်မြက် မှုသင်တန်းတွေ ဟောပြောပွဲတွေ အတွက် ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

သူကိုယ်တိုင်ကြိုးစားခဲ့တဲ့ ဘဝအတွေ့အကြုံတွေကို အခြေခံပြီး ရေးသားခဲ့တဲ့ ဉာဏ်ရည်ထက်မြက်စေနည်း စာအုပ်ဟာ Amazon မှာ အရောင်းရဆုံးစာရင်းဝင်ခဲ့ပါတယ်။ အခုဒီစာအုပ်မှာ အဲစာအုပ်ထဲက အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။

ငယ်ငယ်က သူသဘောကျခဲ့တဲ့ X-Men ကို ရုပ်ရှင်ပြန်ရိုက်တဲ့ ရုပ်ရှင်ကုမ္ပဏီကနေ ဖိတ်ကြားပြီး ဉာဏ်ရည်ထက်မြက်စေနည်း ၊ မှတ်ဉာဏ်ကောင်းစေနည်း တွေကို သင်ကြားစေခဲ့တယ်။

X Men ရုပ်ရှင်အဖွဲ့သားတွေ နဲ့အတူ။

သူရေးခဲ့တဲ့ ဉာဏ်ရည်ထက်မျက်စေနည်းစာအုပ်ဟာ Amazon ရဲ့ Best Seller ဖြစ်လာခဲ့တယ်။ နောက်လာမယ့် Chapter တွေမှာ သူ့စာအုပ်ထဲက ဉာဏ်ရည်ထက်မြက်စေနည်း ၊ မှတ်ဉာဏ်ကောင်းနည်း တွေ ပါဝင်ပါမယ်။  သူ့ Story နဲ့ ပတ်သက်တဲ့ Video ကို Facebook Private Group ထဲမှာ ကြည့်ရှုနိုင်ပါတယ်။

ငယ်ငယ်က စာညံ့ခဲ့ပေမယ့် အလယ်တန်းလောက်ရောက်တော့ မှ NLP (Neuro Linguistic Programming) သင်တန်းတက်ပြီး အောင်မြင်တိုးတက်မှုတွေ ဆက်တိုက်ရရှိလာတဲ့ စင်္ကာပူနိုင်ငံက Adam Khoo အကြောင်းကို Chapter 15 NLP အခန်းမှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Chapter 2. ဦးနှောက် ဘယ်လို အလုပ်လုပ်လဲ ( How Brain Work?)

ကျွန်တော်တို့ ကားမောင်းရင် ကားအကျောင်း နားလည်တဲ့သူက မောင်းရတာပိုအဆင်ပြေတယ်။  Computer သုံးရင် ၊ ဖုန်းသုံး ရင် ၊ Computer အကြောင်း ၊ ဖုန်း အကြောင်းနားလည်တဲ့ သူက ပိုအဆင်ပြေတယ်။ သုံးရတာ လေးနေရင် Software (သို့) Hardware ကို ဘာလုပ်သင့်လဲ ဆိုတာသိတော့ တခြားလူတွေထက်ပိုပြီးအားသာချက်ရှိတယ်။

ကျွန်တော်တို့ လူ့ခန္ဓာကိုယ်ကြီးကို ရလာပြီ။ လူ့ခန္ဓာကိုယ်မှာ အရေးကြီးဆုံးဖြစ်တဲ့ ၊ ကျွန်တို့နေ့စဉ် ဆုံးဖြတ်ချက်တွေ ချတဲ့ နေရာမှာ ၊ စာတွေ သင်ယူတဲ့ နေရာမှာ သုံးနေရတဲ့ ဦးနှောက်အကြောင်းကို လေ့လာဖို့ မေ့နေကြတယ်။ Computer အကြောင်း ၊ ဖုန်းအကြောင်းကို နားလည်မှ ဘယ်လို Upgrade လုပ်ရမလဲဆိုတာ သိသလို ၊ ဦးနှောက်အကြောင်းကို နားလည်မှ ဦးနှောက်ကို ဘယ်လို Upgrade လုပ်ရမလဲဆိုတာကို ကောင်းကောင်းနားလည်မှာဖြစ်ပါတယ်။

ဒီအခန်းမှာ ဦးနှောက်အစိတ်အပိုင်းအကြောင်းတွေ

ဦးနှောက်အလုပ်လုပ်ပုံတွေ

မှတ်ဉာဏ်အလုပ်လုပ်ပုံတွေ

Hardware နဲ့ Software အကြောင်းတွေ

ဦးနှောက်လှိုင်းများအကြောင်းတွေကို

Super Brain စာအုပ်မှာ အသေးစိတ်ရှင်းလင်းထားပါတယ်။

ဦးနှောက်လှိုင်းများအကြောင်းကို အနည်းငယ်ကြည့်ရအောင်

Brain Wave (ဦးနှောက်လှိုင်းများ)

ကမ္ဘာပေါ်မှာရှိတဲ့ ရှိရှိသမျှအရာတိုင်းမှာ Wave တွေ ထွက်ပါတယ်။ အလင်းဆိုရင်လည်း Wave ပါပဲ။ အသံဆိုရင်လည်း Wave ပါပဲ။

လှိုင်းထိပ်နှစ်ခုကြားအကွာအဝေးကို လှိုင်းအလျား Wavelength လို့ခေါ်ပြီး တစ်စက္ကန့်အတွင်းမှာ ဖြစ်ပေါ်တဲ့ အကြိမ်အရေအတွက်ကို Frequency ကြိမ်နှုန်းလို့ခေါ်ပါတယ်။

ကျွန်တော်တို့ ရေဒီယိုတွေ နားထောင်တယ်။ TV ကြည့်တယ် ။ ဖုန်းပြောတယ်။ အဲဒါတွေအားလုံးဟာ Radio Wave ကို ကြားခံအနေနဲ့သုံးပြီး Signal တွေ ပို့လွှတ် ၊ လက်ခံနေတာဖြစ်ပါတယ်။ ကျွန်တော်တို့ မမြင်ရပေမယ့် ကိုယ့်ဘေးနားမှာ Radio Wave တွေ ရှိနေလို့ ဖုန်းတွေ ၊ အင်တာနက်တွေ ကောင်းကောင်းသုံးနေနိုင်တာပါ။  Frequency အနည်းအများပေါ်မူတည်ပြီး 3G, 4G, 5G တွေ ဆိုပြီး ကွဲသားတာပါ။

Wave ရဲ့ သဘောတရားက Frequency နည်း ရင် အဝေးကြီး သွားနိုင်ပါတယ်။ Frequency များရင် အဝေးကြီး မသွားနိုင်ပါဘူး။ ဒါကြောင့် ရေဒီယို ခေတ်က ဆိုရင် အသံပဲ ဆိုတော့ Low Frequency နဲ့ လွှင့်တော့ Tower တိုင်တွေ သိပ်ပြီး ဆောက်စရာ မလိုပါဘူး။ အခုနောက်ပိုင်း ဖုန်းတွေ မှာ 4G သုံးဖို့အတွက် High Frequency သုံးတော့ အဝေးကြီးမသွားနိုင်တာမို့ Tower တိုင်တွေ အများကြီး ဆောက်ရပါတယ်။

ဒါကို ကြည့်ခြင်းအားဖြင့် Low Frequency နဲ့ High Frequency ပေါ်မူတည်ပြီး ကျွန်တော်တို့ အသုံးချနိုင်မူကွဲပြားသွားတယ်ဆိုတာ သက်သေထူနေပါတယ်။ Radio Wave Frequency အနည်းအများကို ကိုယ်လိုသလိုအသုံးချလို့ရသလို ၊ Brain Wave Frequency အနည်း ၊ အများကို သိရင်လည်း ကောင်းကောင်း အသုံးချလို့ရပါတယ်။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ မမြင်ရပေမယ့် ရှိနေတဲ့ Wave တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ဦးနှောက် ကလည်း  Wave တွေ ထွက်ပါတယ်။ သွားလာလှုပ်ရှားနေတဲ့ အချိန် ၊ အိပ်နေတဲ့ အချိန် ၊ တစ်ခုခု လေ့လာနေတဲ့ အချိန်မှာ ထွက်တဲ့ Wave တွေ မတူပါဘူး။

Neuroscientist တွေဟာ EEG (electroencephalogram) နဲ့ ဦးနှောက်ကနေ ထွက်တဲ့ Wave  တွေကို စမ်းသပ်ပါတယ်။ စမ်းသပ်တွေ့ရှိတဲ့ မတူညီတဲ့ Wave အမျိုးမျိုးကို Frequency ပေါ်မူတည်ပြီး Gamma, Beta, Alpha, Theda, Delta စတဲ့ လှိုင်းနာမည် တွေ ပေးထားပါတယ်။

ဘယ်လို အခြေအနေမှာ ဘယ်လှိုင်းတွေထွက်တယ်။ ဘာတွေ လုပ်လို့ရတယ်ဆိုတာ  Super Brain စာအုပ်မှာ ဆက်လက်ဖတ်ရှုပါ။

Chapter 3.         Neuroplasticity (ဦးနှောက်ပြုပြင်ခြင်း)

Chapter 4 :        Brain Exercise, Brain Gym (ဦးနှောက်လေ့ကျင့်ခန်း)

Chapter 5:         Brain Food (ဦးနှောက်ဖွံ့ဖြိုးစေမဲ့ အစားအသောက်များ)

Chapter 6:         Limit and Limitless Model (ကန့်သတ် နဲ့ ကန့်သတ်မဲ့ ပုံစံ)

Chapter 7:         Limitless Mindset (ကန့်သတ်မဲ့ စိတ်ဓါတ်)

Chapter 8:         Limitless Motivation (ကန့်သတ်မဲ့ စိတ်ဓါတ်ခွန်အား)

Chapter 9:         Focus (အာရုံစူးစိုက်ခြင်း)

Chapter 10:       Memory (မှတ်ဉာဏ်)

Chapter 11:       Learning and Speed Reading (လေ့လာခြင်း နဲ့ မြန်နှုန်းမြင့်စာဖတ်ခြင်း)

Chapter 12:       Thinking (စဉ်းစားတွေးခေါ်ခြင်း)

Chapter 13:       Conscious and Sub-conscious Mind (သိစိတ် နဲ့ မသိစိတ်)

Chapter 14:       Integrity (သမာဓိတည်ကြည်ခြင်း)

Chapter 15:       Clear Your Pass (အတိတ်ကို ရှင်းထုတ်ခြင်း)

Chapter 16: NLP (Neuro Linguistics Program)

NLP နဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန် True Story လေးတစ်ခုပြောပြချင်တယ်။ စင်္ကာပူက Adam Khoo ဆိုတဲ့ လူငယ်လေးတစ်ယောက် ငယ်စဉ်က အလယ်တန်းကျောင်းမှာ စာအညံ့ဆုံး ကျောင်းသားထဲမှာပါတယ်။ အတန်းတိုင်းလိုလိုမှာ အမှတ်နည်းသလို ၊ ပေါင်းသင်းဆက်ဆံရေးတွေမှာလည်း အဆင်မပြေပါဘူး။

သူ့မိဘတွေက နွေရာသီကျောင်း ပိတ်ရက်တစ်ခုမှာ အနောက်နိုင်ငံတစ်ခုက နေလာဖွင့်တဲ့ NLP ရက်တို သင်တန်းတစ်ခုကို တက်စေပါတယ်။ အဲဒီသင်တန်းပြီးမှာ သူ့အတွေးအခေါ်အယူအဆတွေ လုံးဝ ပြောင်းလဲသွားပါတော့တယ်။ သူ့ရဲ့ Limiting Belief တွေ ပြောင်းလဲသွားတယ်။ အရင်က သူဉာဏ်မကောင်းခဲ့တာ သူဉာဏ်မကောင်းလို့ လို့ထင်ထားခဲ့တာ။ NLP သင်တန်းအပြီးမှာ သူ့အတွေးအခေါ် ၊ အယူအဆတွေ ပြောင်းလဲလာတာ နဲ့အမျှ သူ့ရဲ့ Action တွေ လဲ ပြောင်းလာပါတော့တယ်။ နောက်နှစ် အတန်းပြန်တက်တဲ့အခါ အတန်းထဲက အတော်ဆုံးကျောင်းသားတွေ ထဲမှာ ပါလာပါတော့တယ်။

High School အောင်တော့ A level နဲ့အောင်ပြီး National University of Singapore (NUS) ကို တက်ခဲ့ပါတယ်။ ဉာဏ်ထိုင်းတဲ့ ကလေးတစ်ယောက်က နေပြီး ထူးချွန်ထက်မြက်တဲ့ လူငယ်တစ်ကိုပြောင်းလဲလာတဲ့ သူ့အတွေ့ အကြုံတွေကို အခြေခံပြီး ကလေးတွေ ဉာဏ်ရည်ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့စာအုပ်ကို ရေးတာတော်တော်အောင်မြင်ခဲ့ပါတယ်။ Learning School, Trading စတဲ့ စီးပွားရေး နယ်ပယ်မျိုးစုံမှာ အောင်မြင်ပြီး အသက် ၂၆ နှစ်မတိုင်ခင် Millionaires (မီလီယံနာ) ဖြစ်လာပါတော့တယ်။

အခုဆိုရင် တခြားလူငယ်ပေါင်းများစွာ ပြောင်းလဲနိုင်အောင် စင်္ကာပူ နဲ့ တခြားနိုင်ငံတစ်ချို့မှာ NLP သင်တန်းတွေ ပေးနေပါတယ်။

NLP နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို Super Brain စာအုပ်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။

Chapter 17 : Meditation for Brain and Reprogramming

(ဦးနှောက်အတွက် တရားထိုင်ခြင်း နှင့် ပြန်လည်ပြုပြင်ခြင်း)

About Author

စာရေးသူဟာ ဦးနှောက်ပညာရှင်တစ်ယောက် မဟုတ်သလို ၊ ဆရာဝန်တစ်ယောက်လည်း မဟုတ်ပါ။ အခုဒီစာအုပ်ဖြစ်မြောက်ဖို့အတွက် ဂျင်ကွစ်ခ် ရေးခဲ့တဲ့ စာအုပ် + Neuroscience စာအုပ် + Neuroplasticity စာအုပ် + The Power of Subconscious Mind (မသိစိတ် ရဲ့ စွမ်းအား) +  Meditation စာအုပ် စာအုပ်ပေါင်းများစွာ ရဲ့ အနှစ်ချုပ်တွေကို ဘာသာပြန်ထားပြီး တစ်ချို့နေရာတွေမှာ စာဖတ်သူတွေ နားလည်လွယ်အောင် ကျွန်တော့်ဘဝ အတွေ့အကြုံတွေ နဲ့ ဥပမာ ပေးပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်နေတဲ့သူ ကျွန်တော့ထက် အများကြီးကံကောင်းပါတယ်။ ကျွန်တော်သာ ဒီစာအုပ်ထဲမှာရေးထားတဲ့ အကြောင်းအရာတွေကို ငယ်ငယ်ကတည်းက သိခဲ့မယ်ဆိုရင် ဒီထက်အဆပေါင်း များစွာ အောင်မြင်တဲ့ အခြေအနေကို နှစ်ပေါင်းများစွာ စောပြီးရောက်နေမှာပါ။

ကျွန်တော့်ဘဝ အကြောင်း

ကျွန်တော်ဟာ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်ထဲက ရွာတစ်ရွာမှာ ဆင်းရဲတဲ့ လယ်သမား မိသားစုထဲမှာမွေးဖွားခဲ့ပါတယ်။

ဆင်းရဲတဲ့ဘဝ အများပြောခံရတဲ့ ဘဝ ကနေ လွတ်မြောက်နိုင်ဖို့  ထွက်ပေါက်က ပညာ ကို ကြိုးစားသင်ယူဖို့ပါပဲ။ အတန်းတိုင်းမှာ ပညာထူးချွန်အောင် ကြိုးစားခဲ့ပါတယ်။ ကံကောင်းချင်တော့ အလယ်တန်းကျောင်းမှာ စာကြည့်တိုက် ရှိပါတယ်။ အဲစာကြည့်တိုက်မှာ အားတဲ့အချိန်တိုင်း ဆရာဖေမြင့်ရဲ့ စာအုပ်တွေ ထူးချွန်အောင်မြင်သူတွေ ရဲ့စာအုပ်တွေကို ဖတ်ဖြစ်ပါတယ်။

၁၀ တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး မန္တလေးနည်းပညာ တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။

ကျောင်းပြီးလို့ဟင်္သာတ နည်းပညာတက္ကသိုလ်မှာ အလုပ်လုပ်ရင်း ကွန်ပျူတာ သင်တန်း ဖွင့်ဖို့ Idea ရပါတယ်။ လုံးဝအရင်းအနှီးမလိုဘဲ စလို့ရအောင် လိုက်ရှာတော့ မြိုတော်ခန်းမက e-Library မှာ ဘယ်သူမှ သိပ်မသုံးတဲ့ ကွန်ပျူတာ ၁၀ လုံးကို တွေ့ပါတယ်။ ခန်းမ မှူးနဲ့ တစ်ယောက် တစ်ဝက် ညှိုနှိုင်းပြီး ဖွင့်လိုက်တာ ငွေအနည်းငယ်စုမိလိုက်ပါတယ်။

ဒါနဲ့လုံးဝကွန်ပျူတာသင်တန်းမရှိသေးတဲ့ ကြံခင်းမြို့မှာသင်တန်းဖွင့်ဖို့ ကွန်ပျူတာ ၃ လုံးလောက်ရင်းနီးဖို့ ငွေမလုံလောက်တော့ ရွာကမိဘတွေဆီမှာ ရှိတဲ့လယ်တွေကိုပေါင်ပြီး ရင်းနှီးငွေထည့်ပေးဖို့တောင်းဆိုတဲ့အခါ သူတို့လုံးဝ မျက်လုံးပြူးပြီး အံ့အားသင့်သွားပါတယ်။ ကျောင်းပြီးခါစ လူငယ်တစ်ယောက် အပေါ်မှာ ယုံကြည်မှုမရှိတာ သူတို့အပြစ်မဟုတ်ပါဘူး။

ဒါနဲ့ သူတို့အကူအညီမပါဘဲ ကိုယ့်အစွမ်းအစ နဲ့ ရအောင်လုပ်ပြမယ်လို့ပြောခဲ့ပြီး ကွန်ပျူတာအဟောင်းရောင်းတဲ့ မိတ်ဆွေဆီကနေ ကိုယ့်မှာ ရှိတဲ့ပိုက်ဆံနဲ့ ကွန်ပျူတာတစ်လုံးဝယ် ၊ ၂ လုံးကို အကြွေးနဲ့ဝယ်ပြီး ဖြစ်တဲ့နည်းနဲ့ ၂၀၀၄ ခုနှစ်လောက်မှာ ကွန်ပျူသင်တန်းဖွင့်ဖြစ်လိုက်ပါတယ်။ သင်တန်းက မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ သင်တန်းသားအပြည့်နဲ့အောင်မြင်ခဲ့ပါတယ်။

အဲဒါထက်ပိုကြီးတဲ့ရလာဒ်က မိဘတွေက ကျွန်တော့်ကို လုံးဝ ယုံသွားပြီး ၊ ကျွန်တော်စင်္ကာပူသွားဖို့လိုအပ်တဲ့ ငွေတွေကို ရှိတဲ့ လယ်တွေ ပေါင်ပြီးပေးပါတယ်။

စင်္ကာပူမှာ အလုပ်လုပ်ရင်း ရသမျှငွေကို မိဘတွေကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ အလုပ်လုပ်ရင်း စင်္ကာပူက Nanyang Technological University မှာ Master ဘွဲ့ကိုရခဲ့ပါတယ်။

မြန်မာပြည်ကိုပြန်လာပြီး နည်းပညာကုမ္ပဏီ တစ်ခုတည်ထောင်ထားပါတယ်။ ထိုင်းနိုင်ငံ နဲ့ ကိုရီးယားနိုင်ငံက နည်းပညာ ဆွေးနွေးပွဲတွေမှာ မြန်မာပြည်က နည်းပညာကုမ္ပဏီ တစ်ခုအနေနဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဖိတ်ကြားခံခဲ့ရပါတယ်။

https://e27.co/giztix-named-as-winner-of-echelon-thailand-startup-launchpad-20151127/

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ Echelon Thailand 2015 Biz Plan ပြိုင်ပွဲမှာ နိုင်ငံတကာက လာပြိုင်တဲ့ နည်းပညာလုပ်ငန်းပေါင်း ၁၀၀ လောက် ရဲ့ Top 5 မှာ ပါဝင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ နည်းပညာဆိုင်ရာ Panel Discussion မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ အာစီယံ နိုင်ငံ နည်းပညာဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဖတ်ကြားခံခဲ့ရပါတယ်။

ဒါတွေဟာ ကြီးမားတဲ့အောင်မြင်မှုတွေ မဟုတ်သေးပေမယ့် ကျွန်တော့်ကို မွေးခဲ့တဲ့အနေအထား နဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်ပြင်းပြင်းထန်ထန် တွန်းခဲ့ရတဲ့ အရွေ့ဖြစ်ပါတယ်။

အခက်အခဲတွေ အများကြီးကျော်လွှားနိုင်ခဲ့သလို ၊ အမှားတွေ  သင်ခန်းစာတွေ လဲ အများကြီးကြုံခဲ့ပါတယ်။

Super Brain Program မှာ

၁) Super Brain စာအုပ်   ၂) Brain Gym စာအုပ် (Day 1 to Day 90)

၃) Super Brain FB Private Group Membership          +

Bonus အနေနဲ့  Brain Exercise Mobile Apps ၄ မျိုးပါဝင်ပါတယ်။

ဈေးနှုန်း  ၂၅,၀၀၀ ကျပ်ပါ။

အခု Order မှာရင် Early Bird Discount ရှိနိုင်ပါသေးတယ်။

Digital Genius Chat Box မှာ စုံစမ်းကြည့်ပါ။

Pre-Order in Chat Box
Chat Box

ဖုန်း 09261778846 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

( Edit မလုပ်ရသေးသော Raw Content များသာ ဖြစ်ပါတဲ့အတွက် စာလုံးပေါင်းအမှားများ သည်းခံပေးပါ။ စာမြည်းသာဖြစ်တဲ့အတွက် အပြည့်အစုံမပါဝင်ပါ။)

Leave a Reply

Your email address will not be published.