About Author

စာရေးသူဟာ ဦးနှောက်ပညာရှင်တစ်ယောက် မဟုတ်သူလို ၊ ဆရာဝန်တစ်ယောက်လည်း မဟုတ်ပါ။ အခုဒီစာအုပ်ဖြစ်မြောက်ဖို့အတွက် ဂျင်ကွစ်ခ် ရေးခဲ့တဲ့ စာအုပ် + Neuroscience စာအုပ် + Neuroplasticity စာအုပ် + The Power of Subconscious Mind (မသိစိတ် ရဲ့ စွမ်းအား) +  Meditation စာအုပ် စာအုပ်ပေါင်းများစွာ ရဲ့ အနှစ်ချုပ်တွေကို ဘာသာပြန်ထားပြီး တစ်ချို့နေရာတွေမှာ စာဖတ်သူတွေ နားလည်လွယ်အောင် ကျွန်တော့်ဘဝ အတွေ့အကြုံတွေ နဲ့ ဥပမာ ပေးပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

ကျွန်တော့်ဘဝ အကြောင်း

ကျွန်တော်ဟာ ဧရာဝတီတိုင်း ကြံခင်းမြို့နယ်ထဲက ရွာတစ်ရွာမှာ ဆင်းရဲတဲ့ လယ်သမား မိသားစုထဲမှာမွေးဖွားခဲ့ပါတယ်။

ဆင်းရဲတဲ့ဘဝ အများပြောခံရတဲ့ ဘဝ ကနေ လွတ်မြောက်နိုင်ဖို့  ထွက်ပေါက်က ပညာ ကို ကြိုးစားသင်ယူဖို့ပါပဲ။ အတန်းတိုင်းမှာ ပညာထူးချွန်အောင် ကြိုးစားခဲ့ပါတယ်။ ကံကောင်းချင်တော့ အလယ်တန်းကျောင်းမှာ စာကြည့်တိုက် ရှိပါတယ်။ အဲစာကြည့်တိုက်မှာ အားတဲ့အချိန်တိုင်း ဆရာဖေမြင့်ရဲ့ စာအုပ်တွေ ထူးချွန်အောင်မြင်သူတွေ ရဲ့စာအုပ်တွေကို ဖတ်ဖြစ်ပါတယ်။

၁၀ တန်းကို ထူးချွန်စွာအောင်မြင်ခဲ့ပြီး မန္တလေးနည်းပညာ တက္ကသိုလ် တက်ခွင့်ရခဲ့ပါတယ်။

ကျောင်းပြီးလို့ဟင်္သာတ နည်းပညာတက္ကသိုလ်မှာ အလုပ်လုပ်ရင်း ကွန်ပျူတာ သင်တန်း ဖွင့်ဖို့ Idea ရပါတယ်။ လုံးဝအရင်းအနှီးမလိုဘဲ စလို့ရအောင် လိုက်ရှာတော့ မြိုတော်ခန်းမက e-Library မှာ ဘယ်သူမှ သိပ်မသုံးတဲ့ ကွန်ပျူတာ ၁၀ လုံးကို တွေ့ပါတယ်။ ခန်းမ မှူးနဲ့ တစ်ယောက် တစ်ဝက် ညှိုနှိုင်းပြီး ဖွင့်လိုက်တာ ငွေအနည်းငယ်စုမိလိုက်ပါတယ်။

ဒါနဲ့လုံးဝကွန်ပျူတာသင်တန်းမရှိသေးတဲ့ ကြံခင်းမြို့မှာသင်တန်းဖွင့်ဖို့ ကွန်ပျူတာ ၃ လုံးလောက်ရင်းနီးဖို့ ငွေမလုံလောက်တော့ ရွာကမိဘတွေဆီမှာ ရှိတဲ့လယ်တွေကိုပေါင်ပြီး ရင်းနှီးငွေထည့်ပေးဖို့တောင်းဆိုတဲ့အခါ သူတို့လုံးဝ မျက်လုံးပြူးပြီး အံ့အားသင့်သွားပါတယ်။ ကျောင်းပြီးခါစ လူငယ်တစ်ယောက် အပေါ်မှာ ယုံကြည်မှုမရှိတာ သူတို့အပြစ်မဟုတ်ပါဘူး။

ဒါနဲ့ သူတို့အကူအညီမပါဘဲ ကိုယ့်အစွမ်းအစ နဲ့ ရအောင်လုပ်ပြမယ်လို့ပြောခဲ့ပြီး ကွန်ပျူတာအဟောင်းရောင်းတဲ့ မိတ်ဆွေဆီကနေ ကိုယ့်မှာ ရှိတဲ့ပိုက်ဆံနဲ့ ကွန်ပျူတာတစ်လုံးဝယ် ၊ ၂ လုံးကို အကြွေးနဲ့ဝယ်ပြီး ဖြစ်တဲ့နည်းနဲ့ ၂၀၀၄ ခုနှစ်လောက်မှာ ကွန်ပျူသင်တန်းဖွင့်ဖြစ်လိုက်ပါတယ်။ သင်တန်းက မနက် ၇ နာရီကနေ ည ၁၁ နာရီအထိ သင်တန်းသားအပြည့်နဲ့အောင်မြင်ခဲ့ပါတယ်။

အဲဒါထက်ပိုကြီးတဲ့ရလာဒ်က မိဘတွေက ကျွန်တော့်ကို လုံးဝ ယုံသွားပြီး ၊ ကျွန်တော်စင်္ကာပူသွားဖို့လိုအပ်တဲ့ ငွေတွေကို ရှိတဲ့ လယ်တွေ ပေါင်ပြီးပေးပါတယ်။

စင်္ကာပူမှာ အလုပ်လုပ်ရင်း ရသမျှငွေကို မိဘတွေကို ထောက်ပံ့နိုင်ခဲ့ပါတယ်။ အလုပ်လုပ်ရင်း စင်္ကာပူက Nanyang Technological University မှာ Master ဘွဲ့ကိုရခဲ့ပါတယ်။

မြန်မာပြည်ကိုပြန်လာပြီး နည်းပညာကုမ္ပဏီ တစ်ခုတည်ထောင်ထားပါတယ်။ ထိုင်းနိုင်ငံ နဲ့ ကိုရီးယားနိုင်ငံက နည်းပညာ ဆွေးနွေးပွဲတွေမှာ မြန်မာပြည်က နည်းပညာကုမ္ပဏီ တစ်ခုအနေနဲ့ နည်းပညာဆိုင်ရာ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ဖိတ်ကြားခံခဲ့ရပါတယ်။

https://e27.co/giztix-named-as-winner-of-echelon-thailand-startup-launchpad-20151127/

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ Echelon Thailand 2015 Biz Plan ပြိုင်ပွဲမှာ နိုင်ငံတကာက လာပြိုင်တဲ့ နည်းပညာလုပ်ငန်းပေါင်း ၁၀၀ လောက် ရဲ့ Top 5 မှာ ပါဝင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ပြုလုပ်တဲ့ နည်းပညာဆိုင်ရာ Panel Discussion မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားခြင်းခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံမှာပြုလုပ်တဲ့ အာစီယံ နိုင်ငံ နည်းပညာဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဖတ်ကြားခံခဲ့ရပါတယ်။

ဒါတွေဟာ ကြီးမားတဲ့အောင်မြင်မှုတွေ မဟုတ်သေးပေမယ့် ကျွန်တော့်ကို မွေးခဲ့တဲ့အနေအထား နဲ့ နှိုင်းယှဉ်ရင်တော့ တော်တော်ပြင်းပြင်းထန်ထန် တွန်းခဲ့ရတဲ့ အရွေ့ဖြစ်ပါတယ်။

အခက်အခဲတွေ အများကြီးကျော်လွှားနိုင်ခဲ့သလို ၊ အမှားတွေ  သင်ခန်းစာတွေ လဲ အများကြီးကြုံခဲ့ပါတယ်။

ဘဝ အချိုးအကွေ့ပေါင်းများစွာကို လက်တွေ့ကျကျဖြတ်သန်းပြီးတဲ့အခါ

အောင်မြင်သူတွေရဲ့စာအုပ်ပေါင်းများစွာကို လေ့လာပြီးတဲ့အခါ

နိုင်ငံတကာသင်တန်းပေါင်းများစွာကိုတက်ပြီးတဲ့အခါ

ဘဝမှာ အောင်မြင် ပျော်ရွှင်ဖို့ ဘာတွေ က အရေးပါတယ် ၊ ဘာတွေ ကတော့ အရေးမပါဘူးဆိုတာသိလာရတယ်။

ဂျင်ကွစ်ခ် ရေးခဲ့တဲ့ စာအုပ် + Neuroscience + Neuroplasticity + Conscious, Sub-conscious Mind (သိစိတ် ၊ မသိစိတ်) + NLP (neuro linguistic programming) ၊ Meditation စတဲ့ စာအုပ်ပေါင်းများစွာ ရဲ့ အနှစ်ချုပ်တွေကို စုစည်းပြီး ကျွန်တော့်အတွေ့အကြုံတွေ နဲ့ ပေါင်းစပ်ပြီး Super Brain Program ကို ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။

Super Brain Program မှာ

၁) Super Brain စာအုပ်   ၂) Brain Gym စာအုပ် (Day 1 to Day 90)

၃) Super Brain FB Private Group Membership          +

Bonus အနေနဲ့  Brain Exercise Mobile Apps ၄ မျိုးပါဝင်ပါတယ်။

ဈေးနှုန်း  ၂၁၀၀၀ ပါ။

အခု Pre-Order မှာရင် Early Bird Discount ရှိနိုင်ပါသေးတယ်။

Digital Genius Chat Box မှာ စုံစမ်းကြည့်ပါ။ Pre-Order in Chat BoxChat

Pre-Order in Chat Box
Chat Box

ဖုန်း 09261778846 ကိုလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။ 

( Edit မလုပ်ရသေးသော Raw Content များသာ ဖြစ်ပါတဲ့အတွက် စာလုံးပေါင်းအမှားများ သည်းခံပေးပါ။ စာမြည်းသာဖြစ်တဲ့အတွက် အပြည့်အစုံမပါဝင်ပါ။)